Cargo Pro ၏ဝန်ဆောင်မှုအား အသုံးပြုသူများ လိုက်နာရမည့် စည်းကမ်းချက်များ

Cargo Pro – Terms and Conditions for Service Users

(1) Cargo Pro strictly does not transport any items that are prohibited under applicable laws. As Cargo Pro does not open or inspect parcels, if a customer sends any illegal or restricted items and the goods are confiscated or legal action is taken, 100% of the responsibility rests solely with the owner of the goods.

(1) Cargo Pro မှ တည်ဆဲ ဥပဒေနှင့် မလွတ်ကင်းသော ပစ္စည်းများအားလုံးကို လုံးဝ (လုံးဝ) ပို့ဆောင်ပေးမည်မဟုတ်ပါ။ Cargo Pro မှ အထုပ်များအား ဖောက်ဖွင့်စစ်ဆေးပေးခြင်းမရှိသောကြောင့် ဥပဒေနှင့်ဆန့်ကျင်သော ပစ္စည်းများပို့မိ၍ ပစ္စည်းသိမ်းဆည်းခံရခြင်း ၊ တရားဥပဒေရင်ဆိုင်ရခြင်းများရှိပါက ပစ္စည်းပိုင်ရှင်နှင့်သာ 100% သက်ဆိုင်ပါသည်။

 

(2) Cargo Pro does not accept the transportation of flammable items, gold or silver items, chemicals, powders, liquids, illegal goods, or any items similar in nature to prohibited goods.

(2) Cargo Pro မှ မီးလောင်လွယ်သည့်ပစ္စည်းများ၊ ရွှေထည်ငွေထည်များ ဓာတုပစ္စည်းများ၊ အမှုန့်များ၊ အရည်များ၊ တရားဥပဒေနှင့်မလွတ်ကင်းသော ပစ္စည်းများ (သို့မဟုတ်) တရားဥပဒေကိုဆန့်ကျင်သော ပစ္စည်းများနှင့် ပုံစံတူ ပုံစံဆင်ပစ္စည်းများ ပို့ဆောင်၍မရပါ။

 

(3) If goods are lost due to reasons other than force majeure during transit, the maximum compensation for non-insured items is 500,000 MMK per tracking code.

(3) သယ်ယူပို့ဆောင်သော လမ်းကြောင်းတွင် ရန်သူမျိုးငါးပါးမှလွဲ၍ တခြားအကြောင်းမျိုးမျိုးကြောင့် ပစ္စည်းပျောက်ဆုံးမှုများရှိပါက အာမခံကြေးပေးထားခြင်းမရှိသော ပစ္စည်းများအတွက် အများဆုံးလျော်ကြေးငွေမှာ tracking code တစ်ခုလျှင် 500,000 ကျပ်ဖြစ်ပါသည်။

 

(4) If goods are lost due to force majeure, the compensation for non-insured items is 10% of the item value.
For non-insured items that are visibly damaged, dented, or crushed, the maximum compensation is 5% of the item value.
Minor damages such as small scratches, scuffs, or discoloration are not covered.
For insured items, Cargo Pro will compensate up to the full insured amount specified at the time of insurance purchase.

(4) ရန်သူမျိုးငါးပါးကြောင့် ပစ္စည်းဆုံးရှုံးမှုရှိပါက အာမခံ မဝယ်ယူထားသော ပစ္စည်းများအတွက် ပစ္စည်းတန်ဖိုး၏ 10% ပေးလျော်ပါမည်။ အာမခံထားရှိခြင်းမရှိသော ပစ္စည်းများ သိသာသော ထိခိုက်ပျက်စီးခြင်း၊ သိသာသောစွန်းထင်းခြင်းများရှိပါက အများဆုံး ပစ္စည်းတန်ဖိုး၏ 5% သာ ပြန်လည်ပေးလျော်ပါမည်။ ထိခိုက်မှု အသေးစား ၊ ပွန်းရာ ခြစ်ရာ ၊ အရောင်ကျွတ်ခြင်း စသည့်ထိခိုက်မှုအသေးစားများအတွက် တာဝန်ယူမည်မဟုတ်ပါ။ အာမခံဝယ်ယူထားသော ပစ္စည်းများအတွက် အာမခံ၀ယ်ယူစဥ်က သတ်မှတ်ထားသော အာမခံကြေးအပြည့် ပေးလျော်ပါမည်။

 

(5) Customers may insure their items by paying a premium of 5% of the item value.
The maximum insurable value is 5,000,000 MMK.
For insured items that are lost, Cargo Pro will compensate the full insured value.

(5) လူကြီးမင်းတို့၏ပစ္စည်းများအား ပစ္စည်းတန်ဖိုး၏ 5% အာမခံကြေးပေးဆောင်ပြီးအာမခံထား၍ ရပါသည်။ အများဆုံးထားရှိနိုင်သော အာမခံကြေးမှာ (50) သိန်းကျပ်ဖြစ်ပါသည်။ အာမခံဝယ်ယူထားသောပစ္စည်းများပျောက်ဆုံးပါက အာမခံထားရှိထားသော တန်ဖိုးအတိုင်းသာ အပြည့်ပြန်လျော်ပေးပါမည်။

 

(6) For insured items that are damaged, compensation will be based on the condition of the damage and may include repair charges or a fixed compensation amount decided by the company. Full compensation is provided only when the item is completely unusable.
Minor damages such as scratches, scuffs, or discoloration are not covered.

(6) အာမခံဝယ်ယူထားသောပစ္စည်းများ ပျက်စီးထိခိုက်မှုရှိပါက ပစ္စည်းတန်ဖိုးအပြည့် ပေးလျော်မည်မဟုတ်ဘဲ ပစ္စည်းထိခိုက်မှုရှိသော အနေအထားအလိုက်သော်လည်းကောင်း၊ ပြန်ပြင်၍ရပါက ပြန်ပြင်ခ (သို့မဟုတ်) ကုမ္ပဏီမှ သတ်မှတ်သော ပမာဏတစ်ခုပေးလျော်မည်ဖြစ်ပါသည်။ လုံး၀ သုံးမရတော့အောင် ထိခိုက်ပျက်စီးမှသာ အပြည့်ပြန်လျော်ပေးမည်ဖြစ်သည် ထိခိုက်မှု အသေးစား ၊ ပွန်းရာ ခြစ်ရာ ၊ အရောင်ကျွတ်ခြင်း စသည့်အသေးစားထိခိုက်မှု့များအတွက် အာမခံစည်းကမ်းချက်တွင် တာဝန်ယူမည်မဟုတ်ပါ

 

(7) For non-insured items that are seized or inspected by organizations or Customs under duty-free regulations, any resulting fines or taxes must be borne by the customer.
If the fine is small, Cargo Pro may cover it entirely; if large, Cargo Pro will cover half, and the customer must pay the remaining half.
If the goods cannot be recovered and are completely lost, Cargo Pro will compensate 10% of the item value under force majeure conditions.
For insured items: If the seller ships incorrect items, wrong colors, wrong sizes, or wrong quantities and refuses responsibility, Cargo Pro will compensate accordingly.
Cargo Pro does not open or inspect insured items; therefore, clients using 7% insurance must record a video unboxing.
Without video evidence, claims will not be reviewed.

(7) အာမခံ မဝယ်ထားသောပစ္စည်းများအား အဖွဲ့အစည်း (သို့မဟုတ်) Customs အခွန်ဦးစီးဌာနမှ အခွန်မဲ့ပစ္စည်း ဥပဒေဖြင့် ဖမ်းဆီးစစ်ဆေးခံရပါက ရွေးယူဒဏ်ကြေး အခွန်ဖြင့် ရွေးယူရပါသည်။ ရွေးယူရမည့်ဒဏ်ကြေးအခွန်နည်း ပါက Cargo Pro ဘက်မှ အလုံးစုံ စိုက်ရွေး တာဝန်ယူပေးသွားမှာဖြစ်ပြီး ရွေးယူရမည့် ဒဏ်ကြေးအခွန်များပါက တစ်ဝက်သာ စိုက်ရွေး တာဝန်ယူပေးပါမည်။ ကျန်တစ်ဝက်ကို ပစ္စည်းပိုင်ရှင်မှ အချိုးကျ ကျခံပေးရပါမည်။ ပြန်ရွေး၍ မရနိုင်ဘဲ ပစ္စည်းလုံးဝ ဆုံးရှုံးပါက ရန်သူမျိုးငါးပါးစည်းကမ်းအတိုင်း ပစ္စည်းတန်ဖိုး၏ 10% ကိုသာ တာဝန်ယူ ပြန်အမ်းပေးပါမည်။အာမခံကြေး (5%) ပို၍ ပေးဆောင်ကာ ဝယ်ယူထားသောပစ္စည်းများအတွက်ကိုမူ ဆိုင်ဘက်မှ ပစ္စည်းမှားထည့်ပေးခြင်း၊ ၀ယ်ပြီးပစ္စည်းအရေအတွက် လျေ့ာထည့်ပေးခြင်း၊ အရောင်မှား၊ ဆိုဒ်မှား ကိစ္စများအတွက် ဆိုင်ဘက်မှ တာ၀န်ယူ/ငွေပြန်မအမ်းပေးခဲ့သည်ရှိသော် Cargo Pro မှ စိုက်အမ်းပေးပါသည်။ အာမခံကြေးပေးဆောင်ထားသော ပစ္စည်းများကို ဖောက်စစ်မပေးပါ။  ထို့ကြောင့် 7%နှင့် ယူသော Client များအနေဖြင့်လည်း ပစ္စည်းဖောက်သောအချိန်တွင် video record ရိုက်ထားရန်လိုအပ်ပါသည်။ ပစ္စည်းဖောက်စဥ် ရိုက်ကူးထားသော Video record  ပြသနိုင်ခြင်းမရှိပါက အထက်ပါ အချက်များအား ထည့်သွင်းစဥ်းစားမည်မဟုတ်ပါ။

 

(8) Items made of glass, ceramic, porcelain, or other fragile/sensitive materials are not eligible for insurance.
Cargo Pro does not take responsibility for breakage of these items.

(8) မှန် ၊ဖန် ၊ ကြွေ ၊ကော်ဖြင့်ပြုလုပ်သည့်ပစ္စည်းများ ကွဲလွယ် ကျိုးလွယ်တက်သော sensitive ဖြစ်သောပစ္စည်းများအတွက် အာမခံကြေး ဝယ်ယူခွင့်မရှိပါ။ ၎င်း ပစ္စည်းများဝယ်ယူပြီး ကွဲခြင်း ၊ ကျိုးခြင်းများဖြစ်လာပါက Cargo Pro မှ တာဝန်မယူပါ။

 

(9) Cargo Pro is not responsible for non-insured items that are opened, inspected, or confiscated by checkpoints or authorities during transit.
For insured items, Cargo Pro will compensate the full insured value.

(9) သယ်ယူရေးလမ်းကြောင်းရှိ စစ်ဆေးရေးဂိတ်များ ၊ အဖွဲ့အစည်းများမှ ပစ္စည်းများ ဖွင့်ဖောက်စစ်ဆေးရာမှ သိမ်းယူခံရခြင်းများရှိပါက အာမခံမဝယ်ယူထားသောပစ္စည်းများအတွက်တာဝန်မယူပါ။  အာမခံဝယ်ယူထားသော ပစ္စည်းများအတွက် အာမခံ၀ယ်ယူစဥ်က သတ်မှတ်ထားသော အာမခံကြေးအပြည့် ပေးလျော်ပါမည်။

 

(10) Large but lightweight items will be charged under volumetric (CBM) weight.
Formula: (Length × Width × Height in meters) × CBM rate = Fee (in RMB).

(10) အရွယ်အစားကြီးမားပြီး အလေးချိန်နည်းသောပစ္စည်းများအား ဖောင်းပွကုန်အဖြစ်သတ်မှတ်ပြီး CBM နှင့်တွက်၍ယူပါမည်။ CBM တွက်နည်းမှာ ( အလျား x  အနံ x အမြင့် ) in meter x CBM rate = ကျသင့်ငွေ (ယွမ်) ဖြစ်ပါသည်။

 

(11) As scales may differ slightly, Cargo Pro will rely solely on Cargo Pro’s weighing scale.
Customers may recheck the weight at the office.
If the decimal value after the point exceeds 0.1 kg, the weight will be rounded up by 0.5 kg.
If it exceeds 0.6 kg, it will be rounded up to the next 1 kg.

(11) Kg ချိန်သည့်ကတ္တားသည် တစ်ခုနှင့်တစ်ခု ပမာဏအနည်းစီကွာဟတက်သောကြောင့် Cargo Pro မှ Kgချိန်စက်ကိုသာအတည်ယူမည်ဖြစ်ပါသည်။ ရုံးသို့ပစ္စည်းလာရောက် ထုတ်ယူသည့်အချိန်တွင်  ရုံးရှိကတ္တားနှင့် ကိုယ်တိုင်ချိန်နိုင်ပါသည်။ Kg စုစုပေါင်း၏ ဒဿမနောက်တွင် 0.1 kg အထက် ပိုနေပါက 0.5kg တိုးယူပါမည်။ 0.6 kg အထက် ပိုနေပါက 1 kg တိုးယူပါမည်။

 

(12) Cargo Pro calculates weight per batch of goods.
If the first batch is under 5 kg and the customer waits for the next batch, Cargo Pro will combine and charge them together.

(12) Cargo Pro ၏ Kg ပေါင်းချိန်စနစ်မှာ ပစ္စည်းတစ်သုတ်ရောက်တိုင်း kg ပေါင်းချိန်ပေးပါသည်။ ပထမအသုတ်ရောက်သောပစ္စည်းများသည် 5kg အောက်ရောက်ပြီး လူကြီးမင်းမှ နောက်အသုတ်စောင့်ပြီးမှယူပါက အဆိုပါ 5kgအောက်ကို နောက်အသုတ်နှင့်ပေါင်းချိန်ပေးပါသည်။

 

(13) In the event Cargo Pro issues a refund, the service fee is non-refundable.
Cargo Pro is not responsible for any indirect or future losses.
Refunds will be calculated based on the RMB exchange rate at the time of purchase.

(13) အကြောင်းအမျိုးမျိုးကြောင့် Cargo မှ refund ပြန်ပေးပါက service fee ကို ပြန်ပေါင်းမအမ်းပါ။ ပစ္စည်းတန်ဖိုး refund မှလွှဲ၍  အခြားသော အနာဂတ် အကျိုးဆက်နစ်နာမှု ထပ်ပေါင်းတန်ဖိုးများပေးဆောင်ရန် Cargo Pro တွင်တာဝန်မရှိပါ။ ဝယ်ယူစဉ်က ယွမ်စျေးအတိုင်းတွက်၍ refund ပြန်ပေးပါမည်။

 

(14) If the seller provides missing items, wrong items, or incorrect quantities, customers must inform Cargo Pro within three days of receiving the goods, along with photos of the items, the shipping label, the packaging, and the item’s weight.
Reports made after three days will not be accepted.

(14) ဝယ်ယူသည့်ဆိုင်ဘက်မှ ပစ္စည်းများလျှော့ထည့်ခြင်း ၊ မှားထည့်ခြင်း ၊ အစုံပါမလာခြင်းများရှိပါက ပစ္စည်းလက်ခံရရှိပြီး သုံးရက်အတွင်း ပစ္စည်းဓာတ်ပုံ၊ ကုတ်စာရွက်ဓာတ်ပုံ ၊ ရောက်လာသည့်ဖာ / အိတ်၏ ဓာတ်ပုံ ၊ ရောက်လာသည့် ပစ္စည်း၏kg တို့ကို Cargo Pro သို့အကြောင်းကြားရမည်။ ပစ္စည်းလက်ခံရရှိပြီး သုံးရက်ကျော်မှလာပြောသော ပစ္စည်းလျှော့ ပစ္စည်းလို၊ အရောင်လွဲခြင်းများကို တာဝန်မယူပါ။

 

(15) For normal service (non-insured), Cargo Pro will assist in requesting a refund from the seller for incorrect or missing items, but Cargo Pro is not accountable if the seller refuses to reimburse.
For insured items (5% insurance), if the seller refuses responsibility for wrong items, missing quantities, wrong colors or sizes, Cargo Pro will compensate accordingly.
Customers must record a continuous unboxing video showing all items clearly; without it, Cargo Pro will not take responsibility.

(15) Cargo Pro တွင် normal service fee နှင့် ဝယ်ယူပြီး ဆိုင်ဘက်ကပစ္စည်းလျှော့ထည့်ပေးပါက အတတ်နိုင်ဆုံး ဆိုင်ဘက်မှ refund ပြန်တောင်းပေးပါသည်။ ဆိုင်ဘက်မှ ငြင်းခြင်း ၊ တာဝန်မယူခြင်းရှိပါက Cargo Pro မှတာဝန်မယူပါ။ အာမခံ 5% ထပ်ဆောင်းပေးဆောင်ထားပါက အဆိုပါဆိုင်ဘက်မှ တာဝန်မယူခြင်းကိစ္စများဖြစ်သော ဝယ်ယူထားသောပစ္စည်းများ ပစ္စည်းမှားထည့်ပေးခြင်း၊ ၀ယ်ပြီးပစ္စည်းအရေအတွက် လျေ့ာထည့်ပေးခြင်း၊ အရောင်မှား၊ ဆိုဒ်မှား ကိစ္စများအတွက် ဆိုင်ဘက်မှ မအမ်းပေးခဲ့သည်ရှိသော် Cargo Pro မှ စိုက်အမ်းပေးပါသည်။ အာမခံ 5% ပေးထားသောပစ္စည်းများအနေဖြင့် ပစ္စည်းဖောက်ချိန်မှစ၍ ရေတွက်ပြီးသည့်အထိ အပြည့်အစုံမြင်ရအောင် video record ရိုက်ထားမှသာ တာဝန်ယူပြန်အမ်းပေးပါမည်။

 

(16) For customers using self-purchase service (not proxy), any missing, incorrect, or incomplete items must be claimed directly with the seller.
If the item is opened by authorities during transit, Cargo Pro is not responsible for issues related to packaging or missing items.

(16) Cargo သီးသန့်သုံးပြီး ကိုယ်တိုင်ဝယ်သူများ ဆိုင်ဘက်မှ ပစ္စည်းလျှော့ထည့်ခြင်း ၊ ပစ္စည်းအစုံပါမလာခြင်းများဖြစ်ပါက ပစ္စည်းများ၊ ဖာများကို လမ်းရှိ စစ်ဆေးရေးဂိတ် အဖွဲ့အစည်းများမှ ဖောက်စစ်၍ ဖောက်စစ်ရာ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ Cargo နှင့်မသက်ဆိုင်သောကြောင့် ဆိုင်ဘက်သို့ ကိုယ်တိုင် တိုက်ရိုက်သွားတောင်းရပါမည်။ ဆိုင်ဘက်မှ ပြန်အမ်းသည်ဖြစ်စေ / မအမ်းသည်ဖြစ်စေ Cargo မှ ထို ဖောက်စစ်ခံရသော ပစ္စည်းများ အထုပ်အရာယွင်းမှုကို တာဝန်ယူမည်မဟုတ်ပါ။

 

(17) If the tracking code for self-purchased items does not appear in Cargo Pro’s system, the customer must track the delivery route themselves.
Cargo Pro will not follow up on behalf of the customer.
Only items with a Cargo Pro official label are eligible for Cargo Pro responsibility.

(17) Cargo သီးသန့်သုံးပြီး ကိုယ်တိုင်ဝယ်သူများအနေဖြင့် မိမိတို့ဝယ်ယူထားသောပစ္စည်း၏ tracking code သည် Cargo Pro၏ system အဝင်စာရင်း list တွင်မရှိပါက ဆိုင်ဘက်(သို့မဟုတ်) delivery မှတဆင့် မည့်သည့်လိပ်စာသို့ မှားပို့သည်ကိုကိုယ်တိုင်လိုက်လံ မေးမြန်းရပါမည်။ Cargo  မှ ကူညီပြီး လိုက်လံမေးမြန်းပေးမည်မဟုတ်ပါ။ Cargo Pro ၏ တံဆိပ်တုံးထုထားသော ကုတ်စာရွက်ဓာတ်ပုံရှိမှသာ Cargo Pro မှတာဝန်ယူပါမည်။

 

(18) If the item appears in Cargo Pro’s outbound record but does not match the customer's received quantity, the customer must present an unboxing video.
Cargo Pro will show CCTV evidence on our side.
In case of discrepancy, Cargo Pro’s CCTV record will be considered final.

(18) Cargo Pro မှ ပစ္စည်းအပို့စာရင်းထဲပါပြီး လူကြီးမင်းတို့၏အရောက်စာရင်းထဲမပါပါက ပစ္စည်းရောက်ချိန်မှ၍ video ရိုက်ထားသည့် Video record လိုအပ်ပါသည်။ Cargo Pro ဘက်မှလည်း ပစ္စည်းထည့်ပေးလိုက်သည့် သက်သေ CCTV record ပြပေးမည်ဖြစ်ပြီး နှစ်ဖက်သက်သေရှိပါက Cargo Pro ၏ CCTV သက်သေကိုသာ အတည်ယူပါမည်။

 

(19) Cargo Pro will accept claims for up to three months from the purchase date.
After three months, Cargo Pro will not take responsibility.

(19) လူကြီးမင်းတို့၏ပစ္စည်းများအား ဝယ်ယူချိန်မှစ၍ သုံးလအတွင်းသာ တာဝန်ယူစစ်ပေးမည်ဖြစ်ပြီး သုံးလကျော်ပါက တာဝန်မယူပါ ။ သုံးလအတွင်းကျန်နေသောပစ္စည်းများအား လာရောက်မေးမြန်းရန်လိုအပ်ပါသည်။

 

(20) When the goods arrive, the number of items inside the bag/box will be written on the outer packaging.
Customers must verify whether the written quantity matches the actual quantity.
A mandatory unboxing video is required when counting the items.
If there is a mismatch (missing or extra items), customers must report immediately to the Cargo Pro page.
Without video evidence, Cargo Pro will rely solely on the quantity listed on the website.

(20) Cargo Pro မှ ပို့လိုက်သော ပစ္စည်းရောက်ပါက အိတ်/ဖာများပေါ်၌ အထဲသို့ထည့်ထားသော Tracking Code အရေအတွက်နှင့်  ပစ္စည်းအရေအတွက်ကို ရေးထားပါသည်။ ၎င်း အိတ်/ဖာပေါ်တွင် ရေးထားသော အရေအတွက်နဲ့ အထဲတွင်ပါ၀င်သော အရေအတွက် မှန်/မမှန် အရင် စစ်ပေးရပါမည်။ အိတ်/ဖာ ထဲမှ ပစ္စည်းအရေအတွက်များ စစ်ဆေးသည့် အချိန်၌ video record (မဖြစ်မနေ) ရိုက်ထားပေးရန် လိုအပ်ပါသည်။ အရေအတွက် မကိုက်(လျှော့နေ / ပိုနေ)ပါက Cargo Pro page ကို ချက်ချင်း အကြောင်းကြားပေးပါရန်နှင့်  Video record မရှိပါက Cargo Pro မှ Website ထဲတွင် ထည့်ထားသော Tracking Code အရေအတွက်ကိုသာ အတည်ယူမည် ဖြစ်ပါသည်။

 


Customers using Cargo Pro services are deemed to have read, understood, and accepted the terms above.
For further inquiries, please contact Cargo Pro via our Facebook Page.

အထက်ပါ အချက်အလက်များအား Cargo Pro ဝန်ဆောင်မှု အသုံးပြုသူများမှ သိရှိနားလည်လက်ခံသည်ဟု သတ်မှတ်ပါမည်။ အခြားသိရှိလိုသောအချက်အလက်များရှိပါက Cargo Pro Facebook Page တွင် လာရောက်မေးမြန်းနိုင်ပါသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

I’m sure to agree policy and agreement
Already having account!!